မြောက်ကိုရီးယားသို့လာလည်ရန်ဖိတ်ခေါ်မှုအား ပူတင်လက်ခံခဲ့

0
261

မော်စကို၊စက်တင်ဘာ ၁၄

ရုရှားသို့ရောက်ရှိနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းသည် ရုရှားသမ္မတဗလာဒီမာပူတင်အား မြောက်ကိုရီးယားသို့အလည်လာရန်ဖိတ်ကြားခဲ့ပြီး သမ္မတပူတင်ကလည်းလက်ခံခဲ့ကြောင်း KCNA ၏သတင်းအရသိရသည်။

“ကင်မ်က သမ္မတပူတင်ကို အဆင်ပြေတဲ့အချိန် မြောက်ကိုရီးယားကိုလာလည်ဖို့ ဖော်ရွေပျူငှာစွာဖိတ်ကြားခဲ့ပြီး သမ္မတပူတင်ကလည်းဖိတ်ကြားမှုကိုဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်” ဟုလည်း KCNA ကဖော်ပြခဲ့သည်။

၎င်း၏အင်ပါယာဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံတွင်း၌သာနေ၍ ပြည်ပခရီးထွက်ခဲလှသော ကင်မ်ဂျုံအမ်းသည် ရုရှားသို့သီးသန့်ရထားဖြင့်ရောက်ရှိလာပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ကမ္ဘာ့ရေးရာများနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍သမ္မတပူတင်က မြောက်ကိုရီးယား၏ဂြိုဟ်တုတည်ဆောက်ရေးအတွက်ပံ့ပိုးသွားဦးမည်ဟုဆိုကာ ထို့အတွက်ကြောင့်လည်း ယခုလိုတွေ့ဆုံရခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ ထို့ကြောင့်ပင် ကင်မ်နှင့်ပူတင်တို့၏တွေ့ဆုံမှုကို ဝါရှင်တန်ကအပြင်းအထန်ဝေဖန်ရှုံ့ချခဲ့ခြင်းဖြစ်သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here