ကင်မ်က ရုရှား သွားစဥ် တောင်ကိုရီးယားသို့ F – 35 ဂျက်လေယာဉ်များရောင်းချရန်အမေရိက အတည်ပြု

0
257

ဆိုးလ်၊စက်တင်ဘာ ၁၃

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းက ရုရှားသို့ သွားရောက်စဥ် တောင်ကိုရီးယားသို့ ဒေါ်လာ ၅ သန်းတန်ဖိုးရှိသည့် ဂျက်လေယာဉ်များရောင်းချရန် အမေရိက ကအတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Lockheed Martin က တီထွင်ထုတ်လုပ်ထားသော တိုက်လေယာဉ် ၂၅ စင်းအပြင် အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချရန်ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက လွှတ်တော်သို့အသိပေးခဲ့သည်။

ယခုရောင်းချမှုသည် လက်ရှိနှင့်အနာဂတ်အချိန်များ၌ ဒေသတွင်းရန်လိုမှုနှင့်ခြိမ်းခြောက်မှုများကိုဟန့်တားနိုင်ရန်အပါအဝင် တောင်ကိုရီးယားနှင့်အမေရိကအကြား ကာကွယ်ရေးစွမ်းရည်များကိုအပြန်အလှန်ပံ့ပိုးပေးခြင်းအားဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပေးခြင်းဖြစ်သည်ဟုလည်းဆိုသည်။

မြောက်ကိုရီးယားနှင့်ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာသဖြင့် အနောက်အုပ်စုနှင့်တင်းမာမှုများဖြစ်နေချိန်တွင် ယခုရောင်းချမှုပေါ်ပေါက်လာရခြင်းလည်းဖြစ်သည်။

ပြည်ပခရီးထွက်ခဲလှသော မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် ရုရှားသို့ သီးသန့်ရထားဖြင့်ရောက်ရှိလာပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ကမ္ဘာ့ရေးရာများနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here