မြင်းခြံတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၃)ဦး၏ ရုပ်အလောင်းများတွေ့ရှိ

0
167

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ညောင်ဦးသွားကားလမ်းဘေးတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၃) ဦး၏ ရုပ်အလောင်းများအား စက်တင်ဘာ (၁၃) ရက် ညနေပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက မြင်းခြံမြို့နယ်၊ မြင်းခြံ- ညောင်ဦးသွားကားလမ်း၏ ဂျုပ္ပင်ကျေးရွာ ရေကျော်တံတားအနီးတွင် အမည်/အသက်/နေရပ်လိပ်စာ(စုံစမ်းဆဲ) အမျိုးသား (၃)ဦးကို ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရသည့် အတွက် လုံခြုံရေးအဖွဲ့ဝင်များကသွားရောက် စစ်ဆေးခဲ့ကြသည်။

ယင်းသို့ သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာ၌ အသက် (၂၀) နှစ်ခန့်ရှိ အမျိုးသား (၂) ဦးနှင့် အသက် (၄၀) နှစ်ခန့်ရှိ အမျိုးသား (၁) ဦးတို့အား ဦးခေါင်း၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား လူမှုကူညီရေး အသင်းဝင်များက မြင်းခြံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here