အိမ်ခြံမြေ ဝယ်ရောင်းရာတွင် လိမ်လည်မှုများ ရှိနေ၍လိုင်စင်မရှိဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်သူများကို အရေးယူနိုင်ရေး လုပ်ဆောင်မည်

0
282

မြန်မာပြည်တွင်း၌ လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူများကို အရေးယူနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောဆိုလိုက်သည်။

စက်တင်ဘာ (၁၂) ရက်က ရန်ကုန်မြို့၊ Asia Plaza Hotel တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး၌ ဒေါ်မို့မို့အောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသူများမှာ လုပ်ငန်းလိုင်စင်မရှိသောကြောင့် အိမ်ခြံမြေ ဝယ်ရောင်းလုပ်ကိုင်ရာတွင် လိမ်လည်ရောင်းချမှုများ ရှိနေသည့်အတွက် လုပ်ငန်းလိုင်စင်ရှိရန် လိုအပ်ကြောင်း MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောဆိုသည်။

အိမ်ခြံမြေ အကျိုးဆောင်လိုင်စင်အတွက် MRESA အသင်းဝင်ကဒ်ပြားကို ဦးစွာရယူရမည်ဖြစ်ပြီး အဆိုပါ အသင်းဝင်ကဒ်ပြားနှင့်အတူ အကျိုးဆောင်လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ MRESA အသင်းဝင်ထားရာတွင် အကျိုးဆောင်ခကို လိမ်လည်ရယူပြီး ရှောင်တိမ်းခြင်းမျိုးပြုလုပ်၍ မရနိုင်ဘဲ လိမ်လည်ခံရသူများအနေဖြင့်လည်း အသင်းသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဒေါ်မို့မို့အောင်က ဆိုသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ကို ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာန၌ တရားဝင်မှတ်ပုံတင်ထားပြီး တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်အလို က် အသင်းများ ထူထောင်ထားပြီး အသင်းဝင် (၉၀၀၀) ခန့်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here