မှော်ဘီ အမှတ်(၄)လမ်းမကြီးပေါ်တွင် ရပ်ထားသည့် ၆ ဘီးကားအား Light Truck ကားကနောက်မှဝင်တိုက်၊ ၁ ဦးဒဏ်ရာရ

0
389

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊ရေကျော်ကျေးရွာရှိ အမှတ်(၄)လမ်းမကြီးပေါ်တွင် စက်တင်ဘာ ၁၄ ရက်ည ၉ နာရီခွဲခန့်က Light Truck ကားမှအရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ၆ ဘီးကား၏နောက်ပိုင်းကိုဝင်တိုက်မိခဲ့ကြောင်း မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)မှ သိရသည်။

” ၆ ဘီးကားကို Light Truck ကနောက်ကဝင်တိုက်မိတာ Light Truck ခေါင်းခန်းကလုံးဝကိုစုတ်ပြတ်သတ်သွားတယ် ကားမောင်းတဲ့လူက ခေါင်းကွဲ ဘယ်ဘက်ပေါက်ကျိုး ခြေသလုံးနှစ်ဖက်နဲ့ခန္ဓာ ကိုယ်တစ်ကိုယ်လုံးမှာ ပွန်းပဲ့ပြတ်ရှဒဏ်ရာတွေရသွားတယ်”ဟု မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)၏ အသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် Light Truck ကားမောင်းသူအား မြို့မလူမှုကူညီရေးအသင်း (မှော်ဘီ)မှ မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီးနောက် လွှဲပြောင်းကုသမှုခံယူရန်လိုအပ်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here