နစက ဒု-ဥက္ကဋ္ဌမှ အာဆီယံလေတပ်ဦးစီးချုပ်များကိုတွေ့ဆုံ၍ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုများကိုပြောကြား

0
465

နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ အာဆီယံလေတပ်ဦးစီးချုပ်များကိုတွေ့ဆုံ၍ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီးချုပ်များညီလာခံသို့တက်ရောက်ခဲ့သည့် အာဆီယံလေတပ်ဦးစီးချုပ်များအား နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နစက ဒု-ဥက္ကဋ္ဌမှ နစက အနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊အမျိုးသားရေးရည်မှန်းချက်(၂)ရပ်ကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းစမ်းသပ်ကောက်ယူမှုနှင့်(၁၀)နှစ်တစ်ကြိမ်ဆောင်ရွက်ရမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးဆိုင်ရာပြင်ဆင်ဆောင်ရွက်နေမှုကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ လွတ်လပ်ပြီးတရားမျှတသော (Free and Fair)ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊အာဆီယံတပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီးနောက် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကျင်းပပြုလုပ်နိုင်ခဲ့မှုအပေါ် အောင်မြင်ပြီးမြောက်ခဲ့မှုကိုလည်း သုံးသပ်ဆွေးနွေးခဲ့သည်။

အာဆီယံလေတပ်ဦးစီးချုပ်များမှလည်း နိုင်ငံအလိုက်တစ်ဦးချင်းမိတ်ဆက်ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများသို့သွားရောက်၍ လေ့လာလည်ပတ်ခဲ့မှု၊ဧည့်ဝတ်ကျေပွန်မှုနှင့်အစည်းအဝေးကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဘရူနိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General (u) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် General Soeung SAMNANG ၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamlek SENGPH ACHANH ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ၊ ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lieutenant General Nguyen Van Hien နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here