ဇလန်းစကီး ဘိုင်ဒင်ထံ သွားတွေ့မည်

0
303

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးသည် လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ သတင်းရင်းမြစ်တစ်ခုအား ကိုးကား၍ အေပီသတင်းဌာနက ရေးသားခဲ့သည်။

သတင်းအေဂျင်စီ၏အဆိုအရ ဇလန်းစကီးသည် လာမည့်ကြာသပတေးနေ့တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့အပြင် ဇလန်းစကီးသည် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့် ရက်သတ္တပတ်တွင်ပါဝင်ကာ အမေရိကန်ကွန်ဂရက်လွှတ်တော်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ယူကရိန်းအား စစ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၂၁ ဘီလီယံ ပေးအပ်ရန် ကွန်ဂရက်လွှတ်တော်က အခြေအတင် ဆွေးနွေးနေချိန်တွင် ဇလန်းစကီးက အဆိုပါ ခရီးစဉ်စတင်မည်ဖြစ်သည်။

ဇလန်းစကီး သည် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။ နောက်တစ်နေ့တွင် ယူကရိန်းအရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဆင့်မြင့်အစည်းအဝေးကို ကျင်းပမည်ဖြစ်သော်လည်း အမေရိကန်နှင့် ယူကရိန်းခေါင်းဆောင်များ ပါဝင်မည် မပါဝင်မည်ကို အတည်မပြုနိုင်သေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here