ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက် ပထမအကြိမ်ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲအား စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့၌ကျင်းပမည်

0
283

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌တက်ရောက်ရန် ဝင်ခွင့်လျှောက်လွှာတင်ထားသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများ၏ ပထမအကြိမ်ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပထမအကြိမ် လူတွေ့နှုတ်ဖြေစာမေးပွဲအား နေပြည်တော်ရှိ သားဖွားသင်တန်းကျောင်းတွင် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့၌ ကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ ဖြေဆိုရာ၌ ခုံအမှတ်(၁)မှ ခုံအမှတ်(၁၆၅) အထိသည် စက်တင်ဘာ ၁၉ ရက်နံနက် ၈ နာရီမှမွန်းတည့် ၁၂ နာရီအထိ၊ ခုံအမှတ်(၁၆၆)မှ ခုံအမှတ်(၃၃၀)အထိသည် စက်တင်ဘာ ၁၉ ရက်နေ့လည် ၁ နာရီမှညနေ ၅ နာရီအထိဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခုံအမှတ်(၃၃၁)မှ ခုံအမှတ်(၄၉၆)အထိသည် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီမှမွန်းတည့် ၁၂ နာရီအထိ၊ ခုံအမှတ်(၄၉၇)မှ ခုံအမှတ် (၆၅၉)အထိသည် စက်တင်ဘာ ၂၀ ရက်နေ့လည် ၁ နာရီမှညနေ ၅ နာရီအထိဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်ဝင်ခွင့် လူတွေ့နှုတ်ဖြေစာမေးပွဲအားဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ စာရင်းနှင့်ခုံအ မှတ်၊ဖြေဆိုရမည့် နေ့ရက်နှင့်နေရာတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page (Ministry of Health, Myanmar)၊ Website (www.moh. gov.mm)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website(www.hrh. gov.mm)၊ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့်အဆင့်မြင့်ပညာဦးစီးဌာနတို့တွင် ကြေညာထားပြီးဖြစ်သည်။

ထို့ကြောင့် ပထမအကြိမ်ဝင်ခွင့် လူတွေ့နှုတ်မေးစာမေးပွဲသို့ မိမိတို့ဖြေဆိုရမည့် သတ်မှတ်နေ့ရက်များအတိုင်း မပျက်မကွက်(မပျက်မကွက်)လာရောက်ဖြေဆိုရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here