တာချီလိတ်လေဆိပ်တွင် ရန်ကုန်မြို့သို့တင်ပို့မည့် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းမိ

0
314

ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်လေဆိပ်တွင် စက်တင်တင်ဘာ ၇ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့တင်ပို့မည့် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်လေဆိပ်တွင် ရန်ကုန်မြို့သို့တင်ပို့မည့် မဖြိုးကေသီကျော်သယ်လာသည့် စက္ကူဂျပ်ဖာကိုရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ စက္ကူဂျပ်ဖာအတွင်းထည့်ထားသည့် စိတ်ပြောင်းဆေးဝါး(Happy Water) ၇ ဒသမ ၈ ကီလိုကိုဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ဝိန်းကျောက်ရပ်ကွက်၌ မမူမူကြူ(ခ)နန်းလောင်ငင်၊စိုင်းဝိလတ်၊မမီညားတို့အား စိတ်ပြောင်းဆေးဝါး(Happy Water) ၈ ဒသမ ၅၂ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၄ ဦးအား သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here