စမ်းသပ်ကာလအနေဖြင့် တရုတ်နှင့် အိန္ဒိယခရီးသည်များအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်

0
260

တရုတ်နှင့် အိန္ဒိယနိုင်ငံရှိ ခရီးသည်များကို ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာ မကြာခင်ထုတ်ပေးသွားမည်ဖြစ်ပြီး စမ်းသပ်ကာလအဖြစ်တစ်နှစ်သတ်မှတ်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ခရီးသွားများကို ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာပါက ဆိုက်ရောက်ဗီဇာလျှောက်လွှာကို အခမဲ့ရယူပြီး ရောင်စုံ ဓာတ်ပုံနှစ်ပုံနှင့်အတူ လျှောက်လွှာပုံစံ ဖြည့်သွင်းရမည်ဖြစ်ပြီး ဗီဇာကြေးအတွက် သတ်မှတ်နှုန်းထားကို အမေရိကန်ဒေါ်လာနှင့် ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းဆိုက်ရောက်ဗီဇာအတွက် ကမ္ဘာလှည့်ဗီဇာတစ်မျိုးတည်းကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်သတ်တမ်း အနည်းဆုံး (၆) လကျန်ရှိရမည်ဖြစ်ကာ (၆) လအောက်ဖြစ်ပါက ပြည်ဝင်ခွင့်မပြုဘဲ လေယာဉ်ဖြင့်ပြန်ပို့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသည့် ခရီးသွားများအနေဖြင့် နေခွင့်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားခွင့်ရရှိမည်မဟုတ်ဘဲ သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာမည့် ခရီးသွားများကို ရက် (၃၀) နေထိုင်ခွင့်ပြုထားပြီး ဗီဇာကြေးအဖြစ် ဒေါ်လာ (၅၀) သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here