သံဖြူဇရပ်တွင် ဓာတ်တိုင်ပေါ်တက်၍ မီးကြိုးဖြတ်ခိုးသူ ဓာတ်လိုက်သေဆုံး

0
214

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် စက်တင်ဘာ (၁၄) ရက် ညပိုင်းက ဓာတ်တိုင်ပေါ်တက်၍ မီးကြိုးဖြတ်ခိုးသူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ဓာတ်လိုက်သေဆုံးနေတယ်ဆိုတာကို ဒီနေ့မနက် (၆) နာရီကျော်လောက်ကမှသိတာ။ ဖြစ်တာကတော့ ညတည်းကဖြစ်တဲ့ အနေအထားပဲ။ Dead Body တွေ့တာကတော့ ဒီမနက်ပေါ့။ မီးကြိုးတက်ခိုးဖြတ်ရင်းဓာတ်လိုက်သေဆုံးနေတာ။ ဓာတ်တိုင်ပေါ်မှာ တွဲလောင်းကြီးချိတ်နေတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဓာတ်လိုက်သေဆုံးသူ၏ ရုပ်အလောင်းအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းနှင့် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းတို့မှ ဓာတ်တိုင်ပေါ်မှတဆင့် မြေပြင်ပေါ်သို့ သယ်ယူပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက အလောင်းအား စစ်ဆေးခဲ့ပြီး သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-စေတနာရှင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here