ကြည့်မြင်တိုင် ငှက်ပျောစျေးအနီး ရန်ကုန်မြစ်အတွင်းမှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
298

ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ငှက်ပျောစျေးအနီး မြစ်ရေထဲမှ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား စက်တင်ဘာ (၁၄) ရက်ည (၆) နာရီ ကျော်ခန့်က တွေ့ရှိခဲ့ရကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။

“ကြည့်မြင်တိုင် ငှက်ပျောစျေးနားမှာပါ။ ပြင်ပဒဏ်ရာမရှိပါဘူး။ ရေထဲကတွေ့တာ၊ လက်မှာမီးအိမ်ပုံ တက်တူးထိုးထားတယ်။ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတဲ့အတွက် နာမည်တို့ နေရပ်လိပ်စာတွေကို မသိရသေးပါဘူး။ သေဆုံးရတဲ့အကြောင်းရင်းကို ဆေးရုံကြီးမှာရင်ခွဲစစ်ဆေးသွားမှာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြရာ ဆေးရုံကြီးမှ PR-024 ဖြင့်လက်ခံခဲ့ကြောင်း သိရသည်။

Photo-လင်းလက်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here