မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် ပါဝင်သည့် လူကူးခုံးကျော်တံတားတည်ဆောက်ရန် တင်ဒါခေါ်ယူထား

0
198

လက်ရှိဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်း (၄) ခုအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

ယင်းလမ်းပိုင်းရှိ ပုရွက်ဆိတ်ကုန်း ဘူတာနှင့် ကျောက်ရေတွင်းဘူတာကြား၊ ဘောက်ထော်ဘူတာနှင့် တာမွေဘူတာကြား၊ ကျောက်ရေတွင်းဘူတာနှင့် တံတားကလေးဘူတာကြား၊ ရေကူးဘူတာနှင့် တံတားကလေးဘူတာကြား နေရာ (၄) ခုတွင် လူကူးခုံးကျော် တံတားတည်ဆောက်ရန် တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။

မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် စက်တင်ဘာ (၁၄) ရက်မှစတင်၍ လျှောက်လွှာရောင်းချပေးနေပြီး လာမည့် အောက်တိုဘာ (၁၃) ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဖြစ် သံလမ်းများအဆင့်မြှင့်တင်ခြင်း၊ဘူတာရုံများအဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ လူကူးခုံးကျော် တံတားများတည်ဆောက်ခြင်း၊ သံလမ်းကူးနေရာ (Level Crossing)များ အဆင့်မြှင့်တင်ခြင်းနှင့် ရထားလမ်း ဘေးဝဲယာတစ်လျှောက် ပြုပြင်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး ယင်းစီမံကိန်းတစ်ခုလုံးကို ဂျပန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here