ဂျပန်ကြက်တောင်မယ်ကို အပြတ်သတ်အနိုင်ယူပြီးဆီမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့သည့် သက်ထားသူဇာ

0
290

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် YONEX-SUNRISE VIETNAM OPEN 2023 တွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်တင်ဘာ (၁၂) ရက်မှ (၁၇) ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၁) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၀) ရှိ သက်ထားသူဇာသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘာ့အဆင့် (၁၀၇) ရှိ ဂျပန်ကြက်တောင်မယ် Shiori Saito နှင့် ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၁၄၊ ၂၁ မှတ် ၁၄ မှတ်ဖြင့် ၂ ပွဲဆက်နိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၁၅၆) ရှိ ဂျပန်ကြက်တောင်မယ် Akari Kurihara နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here