ကျောက်မြောင်းဈေး မီးပွိုင့်အနီး ဆွဲကြိုးဖြတ်လုပြီး ဓါးနှင့် ထိုးသူကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး

0
4455

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျောက်မြောင်းဈေး မီးပွိုင့်အနီးတွင် အမျိုးသမီး (၁) ဦးကို ဓါးနှင့် ထိုးပြီး ဆွဲကြိုးဖြတ်လုပြေးသူ ခါးပိုက်နှိုက်ကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးမီးပွိုင့်အနီးတွင် စက်တင်ဘာ (၁၅) ရက် နေ့လည် (၂) နာရီဝန်းကျင်ခန့်က အမျိုးသမီး (၁)ဦးထံမှ ဆွဲကြိုးဖြတ်ကာ လုပြေးပြီး ဓါးနှင့် ထိုးသူကို ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဆွဲကြိုး ဖြတ်ပြေးသူမှာ စက်ဘီးဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ကျောက်မြောင်းဈေးမီးပွိုင့်နား မရောက်ခင်တွင် အမျိုးသမီးထံမှ ဆွဲကြိုးလုပြီး ဓါးဖြင့်ထိုးရာ အမျိုးသမီး လက်ထိသွားကြောင်း ခါးပိုက်နှိုက်ကို လက်သမား တစ်ဖွဲ့နှင့် ရပ်ကွက်က လူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဓါးဖြင့် အထိုးခံရကာ ဆွဲကြိုးလုယူခံရမှုကြောင့် အမျိုးသမီးသည် လက်မှာ ရှပ်ထိဒဏ်ရာရခဲ့ပြီး လုယူခံရသည့် ဆွဲကြိုးမှာလည်း အပိုင်း (၃) ပိုင်း ပြတ်ပြီး ပြန်လည်ရရှိခဲ့ကြောင်း ဆွဲကြိုးလုယက်သူ အမျိုးသားကို ပြည်သူများမှ သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here