ပုဂံတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာများအား လာမည့် ပွင့်လင်းရာသီ၌ ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ဆောင်သွားမည်

0
334

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ခရီးသွားဝင် ရောက်မှုအပေါ်မူတည်ကာ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား လာမည့် ပွင့်လင်းရာသီတွင် ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

ပုဂံဒေသအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများ ရာနှုန်း ပြည့်ဖွင့်လှစ်ထားနိုင်မှု မရှိသေးဘဲ လာမည့် ပွင့်လင်းရာသီ၌ ခရီးသွားဧည့်သည် ဝင်ရောက်မှုအပါ် မူတည်ကာ မဖွင့်ရသေးသည့် ဟိုတယ်များ ပြန်လည် ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပုဂံဒေသတွင် ဟိုတယ်များ ဖွင့်လှစ်ထားသော်လည်း ယခင်ကဲ့သို့ ရာနှုန်းပြည့် မဖွင့်နိုင်သေးဘဲ (၇၀) ရာခိုင်နှုန်းခန့်သာ ဖွင့်လှစ်ထားနိုင်သေးကြောင်းနှင့် ပုဂံဒေသသို့ (၁)ရက်လျှင် ဘုရားဖူးပြည်တွင်းခရီးသွား (၇၀၀) ခန့်မှ (၁၀၀၀) ခန့် အထိ လာရောက်လည်ပတ်နေကြောင်းလည်း သိရသည်။

ပုဂံဒေသသို့ လာမည့် ပွင့်လင်းရာသီ သီတင်းကျွတ်ကာလမှ မိုးရာသီမရောက်ခင်အထိ ခရီးသွား အများအပြား လာရောက်နိုင်ရန် ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်းထားကြပြီး ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြားပါက ဟိုတယ်နှင့် တည်းခိုရိပ်သာများကို ၁၀၀ ရာခိုင်နှုန်း ပြန်လည်ဖွင့်လှစ်ရန် ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here