မကွေးမြို့ရှိ အိမ်ထောင်စု ၃၀၀၀ ခန့်အတွက် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

0
207

မကွေးတိုင်း၊မကွေးမြို့ရှိ ရပ်ကွက် ၃ ခုမှ အိမ်ထောင်စု ၂၉၆၀ စုအား တစ်အိမ်ထောင်လျင် တစ်ပိဿာစီဖြင့် စာအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီကုန်ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေး၊ဒေသခံပြည်သူများစားသုံးဆီဖူလုံစေရေးနှင့်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် ဒေသခံများထံတိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချနေမှုအား မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က လိုက်လံကြည့်ရှု၍ ဒေသခံပြည်သူများအား စားအုန်းဆီများကိုဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စီစဉ်ရောင်းချပေးခြင်းဖြစ်ပြီး ပြင်ပသို့ ပြန်လည်ရောင်းချခြင်းမပြုစေလိုဘဲ သက်သာသောဈေးများဖြင့် ရပ်ကွက်အသီးသီးတွင် ဆက်လက်ရောင်းချပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထိုသို့ ရောင်းချရာ၌ ရွာသစ်ပွဲကြိုရပ်ကွက်မှ အိမ်ထောင်စု(၆၈၀)စု၊ မြို့ဟောင်းရပ်ကွက်မှ အိမ်ထောင်စု(၁၁၈၀)စုနှင့်
အောင်မေတ္တာရပ်ကွက်မှ အိမ်ထောင်စု(၁၁၀၀)စုတို့အား စားအုန်းဆီတစ်ပိဿာ ၄၅၀၀ ကျပ်ဖြင့် တစ်အိမ်ထောင်လျင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here