မြန်မာ့တပ်မတော်(လေ)နှင့်ထိုင်းဘုရင့်လေတပ်ကြားပူးပေါင်းဆောင်ရွက်လျက်ရှိမှုကို နစက ဥက္ကဋ္ဌနှင့်ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့ဆွေးနွေး

0
205

မြန်မာ့တပ်မတော်(လေ)နှင့်ထိုင်းဘုရင့်လေတပ်ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိမှုကို နစက ဥက္ကဋ္ဌနှင့်ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌက မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot အား စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊မြန်မာ့တပ်မတော်(လေ)နှင့်ထိုင်းဘုရင့်လေတပ်ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(HLC)နှင့်မြန်မာ-ထိုင်းဒေသဆိုင်ရာနယ်ခြားကော်မတီအ စည်းအဝေး(RPC)ကိုနှစ်စဥ်ဆောင်ရွက်နေမှု၊နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆိုင်ရာများနှင့်ချစ်ကြည် ရေးခရီးစဥ်များလည်ပတ်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကာကွယ်ရေးဦးစီးချုပ်(လေ)
ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်မှတပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here