ဂျပန်မှ မြန်မာလုပ်သား ၁၀၀၀ ကျော်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၄၂ ခုပေးပို့ထား

0
262

ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၅၃) ဦးခေါ်ယူသွားမည်ဖြစ်ပြီး ယင်းအတွက် အလုပ်ကမ်းလှမ်းစာ (၃၄၂) ခု ပေးပို့ထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာလ (၁၅) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အလုပ်ခေါ်စာများကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ  စက်တင်ဘာ (၁) ရက်မှ စက်တင်ဘာ (၁၅) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန် ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလုပ်ကမ်းလှမ်းထားသည့် စက်ရုံ၊ ကုမ္ပဏီများ သည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်းအထောက်အထားများကို စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလအလွန်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများကို တိုးမြှင့်ခေါ်ယူနေပြီး မြန်မာနိုင်ငံရှိလူငယ်အများစုသ ည် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့်မလေးရှား တို့တွင် သွားရောက်၍ အလုပ်လုပ်ကိုင်သူများပြားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here