ရန်ကုန် အသင်းတိုက်မီးပွိုင့်တွင် ကား ၃ စီးဆင့်တိုက် ၁ ဦးသေဆုံး

0
334

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်ရှိ အသင်းတိုက်မီးပွိုင့်တွင် စက်တင်ဘာ ၁၅ ရက်ည ၁၂ နာရီ ၁၀ မိနစ်ကျော်ခန့်က Taxi ၂ စီးနှင့်အိမ်စီးကား ၁ စီးတို့တိုက်မိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

“Taxi ၂ စီးနဲ့အိမ်စီးကားတိုက်တာ Taxi တစ်စီးကတိုက်မိတဲ့အရှိန်နဲ့လမ်းဘေး ပလက်ဖောင်းပေါ်ရောက်ပြီး ခြံစည်းရိုးအုတ်တိုင်ကိုဝင်တိုက်မိသွားတယ် အဲဒီကားပေါ်က ကားမောင်းတဲ့လူသေဆုံးသွားတာပါ အိမ်စီးကားကပျက်စီးမှုများတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကား ၃ စီးဆင့်တိုက်မှုကြောင့် Taxi မောင်းသည့် တောင်ဥက္ကလာပမြို့နယ်နေ ဦးဌေးလင်း(၅၄)နှစ်သည် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် Medical လူငယ်များလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြရာ ဆေးရုံမှ PR-82 ဖြင့်လက်ခံခဲ့ကြောင်း သိရသည်။

Photo-Medical လူငယ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here