ဟန်ဂေရီ၊ ပိုလန်၊ ဆလိုဗက်ကီးယားတို့က ယူကရိန်းကောက်ပဲသီးနှံများ တင်သွင်းခြင်းကို ဆက်လက်ပိတ်ပင်

0
182

ယူကရိန်းနှင့် အိမ်နီးချင်း အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံမှထွက်ရှိသည့် ကောက်ပဲသီးနှံများတင်သွင်းမှုအပေါ် ချမှတ်ထားသည့် ကိုယ်ပိုင် တားမြစ်ကန့်သတ်ချက်များအား သက်တမ်းတိုးခြင်းမပြုကြပါရန် ဥရောပကော်မရှင်က ဆုံးဖြတ်လိုက်ပြီးနောက် ပိုလန်၊ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီအစိုးရများက မိမိတို့ကမူ ယူကရိန်းကောက်ပဲသီးနှံများ တင်သွင်းခြင်းကို ဆက်လက်ပိတ်ပင်ထားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

“ဥရောပကော်မရှင်က သဘောမတူပေမယ့်လည်း ဒီတားမြစ်ချက်ကို သက်တမ်းတိုးသွားမှာပါ” ဟု ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က သောကြာနေ့တွင် အရှေ့မြောက်ပိုင်းရှိ Elk မြို့၌ ပြုလုပ်သည့် စည်းဝေးပွဲ၌ ပြောကြားခဲ့သည်။ “ပိုလန်လယ်သမားတွေရဲ့ အကျိုးစီးပွားအတွက်ကြောင့် ကျွန်တော်တို့ဆက်လုပ်မှာဖြစ်ပါတယ်။”ဟုလည်း သူကပြောသည်။

အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊ အသားထွက်ကုန်များနှင့် ပျားရည်အပါအဝင် ယူကရိန်းလယ်ယာထွက်ကုန် ၂၄ မျိုးအား နိုင်ငံတွင်း တင်သွင်းခွင့်ဆက်လက် ပိတ်ပင်ထားကြောင်း ဟန်ဂေရီအစိုးရကလည်း သောကြာနေ့တွင် အမိန့်တစ်ရပ် ထုတ်ပြန်လိုက်သည်။

ဆလိုဗက်ကီးယား စိုက်ပျိုးရေးဝန်ကြီးကလည်း မိမိတို့နိုင်ငံတွင်းသို့ ယူကရိန်းကောက်ပဲသီးနှံများ တင်သွင်းခြင်းပိတ်ပင်မှုကို ဆက်လက်သက်တမ်းတိုးသွားမည်ဟု ကြေငြာခဲ့သည်။

အဆိုပါ နိုင်ငံသုံးခု၏ တားမြစ်ချက် သုံးခုစလုံးသည် ပြည်တွင်းသွင်းကုန်များနှင့်သာ သက်ဆိုင်ပြီး ယင်းတို့၏ပိုင်နက်များမှ ဖြတ်သန်းသွားလာမှုအပေါ် သက်ရောက်မှုမရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here