အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

0
229

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ (၁၅)ရက်က ကြေညာချက်အရ သိရသည်။

အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉)နှင့် အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒီဇင်အိမ်ရာ၊ ချယ်ရီ(၁)လမ်း၊ အခန်းအမှတ် (၃၀၂)၊ တိုက်အမှတ်(၁၁၉)တွင် အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၏ ပါတီရုံးချုပ် ဖွင့်လှစ်ထားပြီး ပါတီမှတ်ပုံတင် အမှတ် (၃၇) ဖြစ်ကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသည့် ပါတီ (၁၄) ပါတီရှိပြီး၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၅၀) ပါတီ၊ စုစုပေါင်း (၆၄) ပါတီ ရှိပြီဖြစ်ကြောင်းနှင့် UEC အနေဖြင့် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ (၃၇) ပါတီရှိပြီဖြစ်ကြောင်း UEC ၏ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here