ရုရှားငွေပေးချေမှုစနစ် MIR Payment System ကတ်ဖြင့် ရူဘယ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုအား ပြည်တွင်းရှိဘဏ်တိုင်း၌ ပေးချေနိုင်ရန်ဆောင်ရွက်ထား

0
389

ရူဘယ်-ကျပ် တိုက်ရိုက်ငွေပေးချေနိုင်သည့် ရုရှားငွေပေးချေမှုစနစ် MIR Payment System ကတ်အသုံးပြုရေးနှင့်ပတ်သက်၍ နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

MIR Card System အား မြန်မာငွေပေးချေမှုအဖွဲ့ (MPU)မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ MPU နှင့်ရုရှားနိုင်ငံ၏ National Payment Cards System(NSPK)တို့ကြား Non-Disclosure Agreement (NDA)အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် နားလည်မှုစာချွန်လွှာကိုလည်းလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် MPU နှင့် MIR တို့ကြားတွင် Network ချိတ်ဆက်မှုများဆောင်ရွက်ပြီးစီးပြီးဖြစ်ကာ Host to Host Connectivity Testing များပြုလုပ်နိုင်ရန်လည်း ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MIR Payment System ကတ်အသုံးပြုခြင်းဖြင့် အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုအားထားမှုများလျော့နည်းလာစေမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား ငွေပေးချေရာတွင်လွယ်ကူလျင်မြန်စွာပေးချေနိုင်မည်ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ်ဝန်းပိုမိုကျယ်ပြန့်စေရန် ရုရှားနိုင်ငံနှင့် ရူဘယ်- ကျပ် တိုက်ရိုက်ငွေပေးချေနိုင်ရန် ဆောင်ရွက်လျက်ရှိကာ ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ် တိုက်ရိုက်ပေးချေနိုင်ရေးကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရုရှားငွေပေးချေမှုစနစ် MIR Payment System ကတ်ဖြင့် ရူဘယ်-ကျပ် တိုက်ရိုက်ငွေပေး ချေမှုအား ပြည်တွင်းရှိဘဏ်တိုင်း၌ပေးချေနိုင်ရန်စီစဥ်ဆောင်ရွက်ထားသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here