ဘီလာရုဇ်၌ မြန်မာကောင်စစ်ဝန်ချုပ် ရုံးဖွင့်လှစ်မည်

0
304

မင့်စ်ခ်၊စက်တင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ဘီလာရုဇ်နိုင်ငံ မင့်စ်ခ်မြို့သို့ရောက်ရှိနေသည်။

ဦးသန်းဆွေသည် ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လီနိက်ခ်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်မည်ဖြစ်ကာ မင့်စ်ခ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ် ရုံးဖွင့်ပွဲကိုလည်းပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ မင့်စ်ခ်နှင့် နေပြည်တော်အကြား ပူးပေါင်းဆောင်ရွက်မှုများတိုးတက်လာကာ ပညာရေးနယ်ပယ်၊စစ်ရေး – နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေး အဆက်အသွယ်များကိုနက်ရှိုင်းစေသောစီမံကိန်းများကိုပိုမိုပြုလုပ်လာခဲ့ကြသည်ဟုဆိုသည်။

၂၀၂၁ ခုနှစ် ဇွန်လတွင်မူ ဘီလာရုဇ်သည် မြန်မာနိုင်ငံအရေးအားရှုံ့ချသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဆုံးဖြတ်ချက်ကိုကန့်ကွက်မဲပေးသည့် တစ်ခုတည်းသောနိုင်ငံလည်းဖြစ်ခဲ့သည်။

Source : Voice of the Ministry of Foreign Affairs


LEAVE A REPLY

Please enter your comment!
Please enter your name here