သာကေတမြို့နယ် အဝိုင်းထိပ်အနီးတွင် အမျိုးသား (၁) ဦး သေဆုံးမှုဖြစ်ပွား

0
206

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အဝိုင်းထိပ်အနီးတွင် စက်တင်ဘာ (၁၆)ရက်က အသက်(၄၀)နှစ် ဝန်းကျင်ခန့် အမျိုးသား (၁) ဦး သေဆုံးမှုဖြစ်ပွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အမျိုးသား (၁)ဦး သေဆုံးနေကြောင်း ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှု ကူညီရေးအဖွဲ့မှ သွားရောက်ခဲ့ရာ သေဆုံးသူမှာ လမ်းဘေးနေ အမျိုးသား (၁)ဦးဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခြင်းဖြစ်သည်။

အဆိုပါ သေဆုံးခဲ့သည့် အမျိုးသား ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းနာရေးယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here