သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးနှင့်နည်းပညာအချက်အလက်ဖလှယ်ရေးတို့ကိုဆွေးနွေး

0
279

မြန်မာ့တပ်မတော်(လေ)နှင့်ထိုင်းဘုရင့်လေတပ်ကြား သဘာဝဘေး အန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးနှင့်နည်းပညာအချက်အလက်ဖလှယ်ရေးတို့နှင့်ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot အား စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီးနောက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊သင် တန်းသားစေလွှတ်ရေး၊ နှစ်နိုင်ငံလေတပ်နှစ်ရပ်ကြားဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာများ၊နည်းပညာအချက် အလက်ဖလှယ်ရေးဆိုင်ရာများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်(Humanitarian Assistance and Disaster Relief-HADR)ဆိုင်ရာများကိုလည်း ဆွေးနွေးကြသည်။

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်သည် အလုပ်သဘောနေ့လည်စာသုံးဆောင်ပြီးနောက် နေပြည်တော်လေဆိပ်မှတဆင့် လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာသွားရာ တပ်မတော်(လေ)မှ အရာရှိကြီးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေးတက်ရောက်ခဲ့ကြသည့် နိုင်ငံများအနက် လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien တို့သည် စက်တင်ဘာ ၁၄ ရက်နေ့လည်ပိုင်း၊ဘရူနိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim နှင့်ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang တို့သည် စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းတို့တွင် နေပြည်တော်လေဆိပ်မှတဆင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here