Asian Games Hangzhou 2022 ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာယူ ၂၄ အသင်းထွက်ခွာ

0
253

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၁၉ ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် မြန်မာယူ ၂၄ အသင်း ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichtenbeiner သည် အပြီးသတ် ကစားသမား ၂၂ ဦးရွေးချယ်ခဲ့သည်။

Asian Games ပြိုင်ပွဲသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA (A)အဆင့်ပြိုင်ပွဲမဟုတ်သဖြင့် ပြည်ပကလပ်များတွင် ကစားနေသောကစားသမားသည် လိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာအသင်းများမှ စေလွှတ်ခြင်း မရှိသည့်အတွက် ပြိုင်ပွဲကိုပြည်တွင်းကလပ်များမှ ကစားသမားများဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

အသင်းလူစာရင်းတွင် အသက် ၂၄ နှစ်အထက် ကစားသမား ၃ ဦးခေါ်ယူခွင့်ရှိသည့်အတွက် ရန်ကျော်ထွေး၊ ရန်နိုင်ဦး၊ နေမိုးနိုင် တို့ကို အသင်းနည်းပြကရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာ ယူ၂၄ အသင်းသည် Asian Games ဘောလုံးပြိုင်ပွဲ အုပ်စု(က) တွင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Asian Games အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု (၆)အုပ်စု ရှိပြီး အုပ်စု ပထမနှင့်ဒုတိယ နှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု တတိယ ၄ သင်း၊ စုစုပေါင်း ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here