လောင်းလုံးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ် ၂ လုံးပေါ်သို့ တောင်မြေများပြိုကျခဲ့

0
240

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာအုပ်စု၊အောက်ကျောက်ဝပ်ကျေးရွာတွင် စက်တင်ဘာ ၁၅ ရက်ညနေ ၅ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ် ၂ လုံးပေါ်သို့ တောင်မြေများပြိုကျခဲ့ကြောင်း သိရသည်။

တောင်မြေပြိုကျခဲ့သည့် နေအိမ် ၂ လုံးသည် တောင်ခြေရင်း၌ဆောက်လုပ်ထားခြင်းဖြစ်၍ တောင်မြေပြိုကျမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်း နေအိမ် ၂ လုံးတွင် နေထိုင်သူများအား ၎င်းတို့၏ ဆွေမျိုးနေအိမ်များထံသို့ လူမှုကူညီရေးအသင်းဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“တစ်အိမ်က မိသားစုဝင် ၄ ယောက်နေတယ် နောက်တစ်အိမ်က မိသားစုဝင် ၅ ယောက်နေတယ် ထိခိုက်သေဆုံးတာမရှိပါဘူး မီးသတ်တပ်ဖွဲ့နဲ့ပေါင်းပြီး ကူညီရွှေ့ပြောင်းပေးတာတွေ တောင်မြေပြိုကျလို့ပျက်စီးသွားတာတွေကိုကူညီပြီးဖယ်ရှားပေးခဲ့ပါတယ်”ဟု လောင်းလုံးမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ တောင်မြေပြိုကျမှုကြောင့်ပျက်စီးသွားခဲ့သည့် နေအိမ် ၂ လုံးနှင့်ကားလမ်းပေါ်သို့ကျရောက်နေသည့် တောင်မြေများအား လောင်းလုံးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here