ရောင်းချသည့်ဓာတ်ဆီပမာဏ များပြားသည့်အတွက် အစုဖွဲ့ဝယ်ယူမှုများလုပ်ဆောင်

0
236

မြန်မာ့ရေနံဓာတုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာနမှ စက်သုံးဆီဂါလံတစ်သန်း ရောင်းချပေးသည့် ပမာဏသည် များပြားသည့်အတွက် အစုဖွဲ့ဝယ်ယူမှုများ ပြုလုပ်နေကြကြောင်း အဆိုပါဌာနမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင် မြန်မာ့ရေနံဓာတုလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်) မှဓာတ်ဆီဂါလံတစ်သန်းကို စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

“ကြမ်းခင်းဈေး ဓာတ်ဆီတစ်ဂါလံ ရှစ်ထောင့်ခုနှစ်ရာနဲ့ လေလံအောင်သွားပါတယ်။ စက်သုံးဆီသုံးပြီး လုပ်ငန်းလုပ်နေတဲ့ ဘယ်လုပ်ငန်းမဆို ရောင်းပေးသွားမှာပါ ”ဟု မြန်မာ့ရေနံဓာတုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့ရေနံဓာတုလုပ်ငန်းမှဓာတ်ဆီဂါလံငါးသန်းကို ရောင်းချပေးမည်ဖြစ်ပြီး ယင်းတွင် ကျန်ရှိနေသေးသည့် ဓာတ်ဆီဂါလံလေးသန်းကို သုံးပတ်လျှင် တစ်ကြိမ် ဂါလံတစ်သန်းစီ ခွဲရောင်းပေးမည်ဖြစ်ကြောင်း၊ထို့ပြင်အစုဖွဲ့ဝယ်ယူလိုပါက ပြင်ပတွင် ပါတနာဖွဲ့၍ ဝယ်ယူနိုင်ကြောင်း၊ ဝယ်ယူလိုသူများသည် မိမိဝယ်ယူမည့် ပမာဏကို စက်သုံးဆီရောင်းချရေးကော်မတီသို့ တင်ပြပြီး ဝယ်ယူလိုသည့် ပမဏအတိုင်း အစိုးရဘဏ်သို့ ငွေသွင်း၍ ဝယ်ယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here