နိုင်ငံတစ်နိုင်ငံအား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လေကြောင်းပို့ဆောင်ရေးကဏ္ဍသည် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်

0
164

စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်ရှိ Melia Hotel တွင်ကျင်းပသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines-MNA)၏(၇၅)နှစ်မြောက် စိန်ရတုနှစ် ပတ်လည်နေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လေကြောင်းပို့ဆောင်ရေးစနစ်အောင်မြင်နိုင်ရန် လေကြောင်းလိုင်းများ၏ လေယာဉ်အမှုထမ်းများ စွမ်းရည်ကောင်းမွန်မှုသာမက လေယာဉ်ကွင်းများ၊လေဆိပ်ဝန်ဆောင်မှုများလည်း ကောင်းမွန်ရန်လိုသည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လေယာဉ်ပြေးလမ်းများ အဆင့်မြှင့်တင်ခြင်း၊တိုးချဲ့ခြင်းများကို ပြုလုပ်ပေးနေသကဲ့သို့ လေဆိပ်ဝန်ဆောင်မှုများ ကောင်းမွန်စေရန်လည်း ဖြစ်နိုင်သမျှအဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

“အဲဒီလိုပဲ လေဆိပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအသီးသီးရဲ့ စွမ်းဆောင်ရည်ကောင်းမွန်ဖို့လည်းလိုပါတယ်၊ နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ လေကြောင်းပို့ဆောင်ရေးကဏ္ဍဟာ အရေးပါတဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လေကြောင်းခရီးနှင့်သွားလာခြင်းသည် ငွေကြေးကုန်ကျမှုများသော်လည်း အချိန်တိုအတွင်း လိုရာခရီးသို့ရောက်နိုင်ပြီး လုပ်ငန်းတွင်ကျယ်မှုလည်း ရှိစေ၍ လေကြောင်းပို့ဆောင်ရေးကဏ္ဍကို အလေးအနက်ထားဆောင်ရွက်ရမည်ဟု မှာကြားသည်။

ကိုဗစ်(၁၉)ရောဂါကြောင့် တစ်ကမ္ဘာလုံးနိုင်ငံတိုင်း၏ စီးပွားရေးကဏ္ဍကျဆင်းခဲ့ပြီး လေကြောင်းခရီးသွားလာပို့ဆောင်မှုအပေါ်များစွာ သက်ရောက်မှုရှိခဲ့ကာ ယခု ပြန်လည်နလန်ထူလာပြီး ခရီးစဉ်ပေါင်းများစွာ၊လေယာဉ်ပေါင်းများစွာ တိုးချဲ့ပြေးဆွဲနိုင်ခြင်းသည် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကျိုးဖြစ်ထွန်းမှုရှိခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ဈေးကွက်သုတေသနကို အလေးထားပြုလုပ်စေလိုကာ ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့်လိုက်လျော ညီထွေစွာ ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ် မူတည်၍ လေယာဉ်စီးရေတိုးချဲ့မှုများ၊လက်ရှိပြေးဆွဲနေသည့် ခရီးစဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲမှုများဆောင်ရွက်သွားရန် ကြိုးစားသွားရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here