အမေရိကန်ကာကွယ်ရေးကုမ္ပဏီနှစ်ခုအား တရုတ်ကဒဏ်ခတ်ပိတ်ဆို့

0
168

ပေကျင်း၊စက်တင်ဘာ ၁၅

တရုတ်နိုင်ငံသည် Lockheed Martin နှင့် Northrop Grumman အမည်ရှိ အမေရိကန်ကာကွယ်ရေးကုမ္ပဏီနှစ်ခုအား ထိုင်ဝမ်သို့လက်နက်ရောင်းချသည်ဟူသောအကြောင်းပြချက်ဖြင့် အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံကပြောကြားခဲ့သည်။

အမေရိက၏ထိုင်ဝမ်နှင့်ဆက်ဆံရေးအက်ဥပဒေအရ အမေရိကအနေဖြင့် ဒီမိုကရေစီစနစ်အားကျင့်သုံးသည့်ကျွန်းနိုင်ငံထိုင်ဝမ်အား ၎င်း၏ကာကွယ်ရေးအတွက် လက်နက်ထောက်ပံ့ပေးရန်လိုအပ်သည်။

ထိုဥပဒေအရ အမေရိကသည် ထိုင်ဝမ်သို့လက်နက်ထောက်ပံ့နိုင်ရန်အတွက် တိုက်ရိုက်ထောက်ပံ့ခြင်းထက် ရောင်းချခြင်းနည်းလမ်းဖြင့်သာ ချဉ်းကပ်ပံ့ပိုးပေးခဲ့သည်။ သို့သော် ပြီးခဲ့သည့်ဩဂုတ်လကမူ အမေရိကသည်ထိုင်ဝမ်သို့ လက်နက်များတိုက်ရိုက်ထောက်ပံ့ရန် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့သည်။

“တရုတ်နိုင်ငံဘက်က အပြင်းအထန်ကန့်ကွက်နေတာတောင် အမေရိကန်အစိုးရက ထိုင်ဝမ်ကိုလက်နက်ထောက်ပံ့ပေးနေတာဟာ တရုတ်ရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးကိုထိပါးနေတာဖြစ်ပြီး မှားယွင်းပြီးအန္တရာယ်များတဲ့လမ်းကိုဇွတ်လျှောက်နေတာပါပဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးမစ္စမော်နင်ကပြောကြားခဲ့သည်။

Lockheed Martin ဟာ ဩဂုတ် ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုရဲ့ အဓိကကန်ထရိုက်တစ်ဦးဖြစ်ပြီး Northrop Gramman ကတော့ လက်နက်ရောင်းချမှုတွေမှာ အများဆုံးပါဝင်ခဲ့တဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်၊ ဒါကြောင့် ဒီကုမ္ပဏီနှစ်ခုကိုဒဏ်ခတ်ပိတ်ဆို့ခဲ့ရတာပါ” ဟုလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

“တရုတ်အနေနဲ့ အမေရိကကို ထိုင်ဝမ်ကိုလက်နက်မထောက်ပံ့ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်၊ အဲ့လိုမှမဟုတ်ရင် အမေရိကအနေနဲ့တရုတ်ရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကိုကြုံရပါလိမ့်မယ်” ဟုလည်း မစ္စမော်ကဆက်လက်ပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here