ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက် ပေကျင်း၌တရုတ်သမ္မတရှီနှင့်တွေ့ဆုံ

0
179

ပေကျင်း၊စက်တင်ဘာ ၁၅

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်သည် တရုတ်သမ္မတရှီနှင့် ပေကျင်း၌သောကြာနေ့ကတွေ့ဆုံခဲ့ပြီး ၎င်း၏ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်းမစ္စတာဟွန်ဆန်တည်ဆောက်ခဲ့သော တရုတ်နှင့်ကမ္ဘောဒီးယားဆက်ဆံရေးအား ပိုမိုခိုင်မာစေရန်ကြိုးပမ်းခဲ့သည်။

ဟွန်မာနက်၏ဖခင်ဖြစ်သူဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံအား နှစ်လေးဆယ်နီးပါး တင်းကြပ်စွာ အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဩဂုတ်လကစ၍ဝန်ကြီးချုပ်ရာထူးအား ၎င်း၏သားဖြစ်သူဟွန်မာနက်ထံလွှဲပြောင်းပေးခဲ့သည်။ မစ္စတာဟွန်ဆန်လက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှတစ်ခွင်တွင် တရုတ်၏အခိုင်မာဆုံးမိတ်ဖက်နိုင်ငံတစ်နိုင်ငံလည်းဖြစ်လာခဲ့သည်။

ယခု၎င်း၏သား မစ္စတာဟွန်မာနက်၏ပေကျင်းခရီးစဉ်သည်လည်း တရုတ် – ကမ္ဘောဒီးယားနှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုနက်ရှိုင်းစေပြီး ခိုင်မာစေမည်ဖြစ်ကာ ဆက်ဆံရေးမြှင့်တင်ရန်ကူညီပေးလိမ့်မည်ဖြစ်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။

ပေကျင်းခရီးစဉ်သည် မစ္စတာဟွန်မာနက်အတွက် ဝန်ကြီးချုပ်တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ပထမဆုံးသောပြည်ပခရီးစဉ်ဖြစ်ပြီး ၎င်းအနေဖြင့် တရုတ်ဝန်ကြီးချုပ်မစ္စတာလီချန်နှင့် တရုတ် ကွန်ဂရက် လွှတ်တော် အမြဲတမ်းကော်မတီ အကြီးအကဲ မစ္စတာချောင်လဲဂျီတို့နှင့်ပါတွေ့ဆုံနိုင်ကြောင်းသိရှိရသည်။

ယင်းနောက်မစ္စတာဟွန်မာနက်သည် ၂၀ ကြိမ်မြောက် Asean – China Expo ကိုတက်ရောက်ရန် တောင်ပိုင်းနန်နိမ်းမြို့သို့ဆက်လက်သွားရောက်မည်ဖြစ်သည်။

ဆက်လက်၍တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ကမ္ဘောဒီးယားနှင့်ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း ယခုလတွင်ကျင်းပဦးမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here