ကင်မ်ဂျုံအမ်းသည် ဒုံးကျည်နှင့်စစ်သင်္ဘောများအားသွားရောက်စစ်ဆေးကြည့်ရှုခဲ့ဟုဆို

0
250

မော်စကို၊စက်တင်ဘာ ၁၆

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် ၎င်း၏ရုရှားခရီးစဉ်အတွင်း ယနေ့တွင်ဗလာဒီမာစတော့ခ်သို့ရောက်ရှိကာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုက်ဂူနှင့်တွေ့ဆုံခဲ့ပြီး စစ်သင်္ဘော နှင့်ဟိုက်ပါဆိုးနစ်ဒုံးကျည် အား စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

ကင်မ်၏ ကိုဗစ်ကပ်ရောဂါကာလအလွန် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရုရှားခရီးစဉ်အား အနောက်အုပ်စုများကအပြင်းအထန်ကန့်ကွက်ခဲ့ပြီး ယခုခရီးစဉ်သည် ရုရှားနှင့်မြောက်ကိုရီးယားပေါင်းမိကာ ပိတ်ဆို့ဒဏ်ခတ်မှုများကိုအာခံလျက် လက်နက်အရောင်းအဝယ်ခရီးစဉ်ဖြစ်သွားမည်ကို စိုးရိမ်စေခဲ့သောခရီးတစ်ခုလည်းဖြစ်သည်။

မော်စကိုအနေဖြင့် ယူကရိန်းစစ်အားဆက်လက်တိုက်ခိုက်နိုင်ရန် မြောက်ကိုရီးယားထံမှလက်နက်ခဲယမ်းဝယ်ယူနိုင်သည်ဟုယူဆထားပြီး မြောက်ကိုရီးယားအနေဖြင့်လည်း ၎င်း၏ဒုံးကျည်အစီအစဉ်အားအကောင်အထည်ဖော်နိုင်ရန် ရုရှားအကူအညီကိုလိုအပ်သည်ဟု ယူဆထားကြသည်။

သို့သော် ခရင်မလင်၏ကြေငြာချက်၌မူ ကင်မ်၏ရုရှားခရီးစဉ်အတွင်းမည်သည့်သဘောတူညီချက်ကိုမှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိကြောင်းဖော်ပြထားသည်။ သမ္မတပူတင်ကမူ ကင်မ်နှင့်တွေ့ဆုံချိန်၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရေရှည်တွင်စစ်ရေးအရဆက်ဆံလာနိုင်ခြေလည်းရှိသည်ဟုပြောကြားခဲ့သည်။

ကင်မ်သည် ဗလာဒီဗိုစတော့ခ်ရှိ ရုရှား သိပ္ပံ များ အကယ်ဒမီ မှ အရှေ့ဖျား ပြည်ထောင်စု တက်ကသိုလ် နှင့် အဏ္ဏဝါဇီဝဗေဒဓာတ်ခွဲခန်းများသို့လည်းသွားရောက်လည်ပတ်နိုင်ကြောင်းမျှော်မှန်းထားသည်။ ရုရှားအရှေ့ဖျားရှိကောလိပ်များသည် မြောက်ကိုရီးယားကျောင်းသားများကို ရှေးအစဉ်အဆက်ကတည်းကပင် လက်ခံသင်ကြားပေးနေခြင်းလည်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here