Crown ကားပေါ်မှ ငွေကျပ်သိန်း ၇၀၀၀ ခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်တွင်ဖမ်းမိ

0
167

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်းကျေးရွာအနီးတွင် Toyota Crown ကားပေါ်မှ ငွေကျပ် ၆၈၉၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊မယ်ယန်းကျေးရွာအနီး၌ ခင်မောင်သိန်း (၅၂)နှစ်မောင်းကာ မအီနွန်း (၃၂)နှစ်၊ အိုက်တစ်(၂၈)နှစ်နှင့် အိုက်လွတ်(၂၄)နှစ်တို့လိုက်လာသည့် Toyota Crown ကားအားရှာဖွေစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၆၈၉၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water (၅ ဒသမ ၅၄ ကီလို)၊ အက်တက်စီဆေးပြား ၂၀၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဟောင်လိတ်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here