ကင်ဂျုံအန်နှင့် ရုရှားကာကွယ်ရေးဝန်ကြီးတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးခဲ့

0
274

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu နှင့် ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း Voice of Korea ရေဒီယိုက ကြေညာခဲ့သည်။

“ရဲဘော် ကင်ဂျုံအန်သည် Sergey Shoigu နှင့် ထပ်မံတွေ့ဆုံရခြင်းအတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ယုံကြည်စိတ်ချစွာ ကာကွယ်နိုင်သော ရုရှားစစ်တပ်များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ခေတ်မီမှုနှင့် သူရဲကောင်းများကို ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ နိုင်ငံတကာ စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော် အကြား နည်းဗျူဟာ နှင့် ဗျူဟာမြောက် အပြန်အလှန် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် ကာကွယ်ရေး နှင့် လုံခြုံရေး နယ်ပယ် တို့တွင် အပြုသဘောဆောင်သော အမြင်များ ဖလှယ်ခဲ့ကြသည်” ဟု Voice of Korea သတင်းတွင် ဖော်ပြထားသည်။ .

ဗလာဒီဗော့စတော့ တွင်ရှိစဉ် ကင်ဂျုံအန်သည် Marshal Shaposhnikov ဖရီးဂိတ်စစ်သင်္ဘော၊ Uran သင်္ဘောဖျက်ဒုံးကျည်စနစ်များနှင့် Kalibr ဘက်စုံသုံး ခရုဇ်ဒုံးကျည်စနစ်များအပြင် A-190 100mm အလိုအလျောက်အမြောက်စနစ်များကဲ့သို့သော လက်နက်များကို စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here