မိုးရွာသွန်းနေစဥ် ကုန်တင်ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးလာသူကိုဝင်တိုက်မိခဲ့မှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

0
220

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ဘုရင့်နောင်လမ်းမကြီးပေါ်တွင် စက်တင်ဘာ ၁၆ ရက်ညပိုင်းက မိုးရွာသွန်းနေစဥ် ကုန်တင်ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးလာသူကိုဝင်တိုက်မိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည ၇ နာရီခန့်က အင်းစိန်မြို့နယ်၊ဘုရင့်နောင်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် ကုန်တင်ကားသည် ဗန်းမော်ကျော်ငြိမ်းလမ်းထိပ်အရောက် မိုးရွာသွန်းမှုကြောင့် အရိုန်မထိမ်းနိုင်ပဲ လမ်းဖြတ်ကူးလာသော အမျိုးသားတစ်ဦးအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“မိုးရွာတော့လမ်းချော်ပြီးအရှိန်မထိန်းနိုင်ဘဲတင်တိုက်မိတာ လမ်းဖြတ်ကူးလာတဲ့လူက ခေါင်းထိတယ် အောက်မေးရိုးကွဲသွားတယ် တခြားပွန်းပဲ့ဒဏ်ရာတွေလည်းရသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိသူအား တွဲလက်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တွဲလက်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here