တံတားဦးမြို့နယ်တွင် Hijet ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထနောင်းပင်ကိုဝင်တိုက် ကားမောင်းသူသေဆုံး

0
260

မန္တလေးတိုင်း၊တံတားဦးမြို့နယ်တွင် စက်တင် ဘာ ၁၇ ရက်(ယနေ့)နံနက်ပိုင်းက Hijet ကားအရှိန်မထိန်းနိုင်ဘဲလမ်းဘေးရှိ ထနောင်းပင်ကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က တံတားဦးမြို့ နယ်၊ပြူကန်ရွာလမ်းခွဲအကျော်တွင် Hijet(အဖြူရောင်)ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထနောင်းပင်အားဝင်တိုက်မိခဲ့သဖြင့် ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ်ပြီး အခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ညပ်နေသည့်ကားမောင်းသူအား တံ တားဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းဝင်များက ခေါင်းခန်းအတွင်းမှသယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ထို့နောက် သေဆုံးသူ၏ရုပ်အလောင်းအား အနှိုင်းမဲ့ပါရမီလူမှုကူညီရေးအသင်းမှ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here