ကျိုင်းတုံမြို့ရှိ စုပေါင်းဂိတ်အနီးတွင် သေဆုံးနေသည့် အိမ်ခြေမဲ့အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

0
468

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့၊ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း၏ စုပေါင်းဂိတ်အနီးတွင် သေဆုံးနေသည့် အိမ်ခြေမဲ့အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား စက်တင်ဘာ ၁၇ ရက်(ယနေ့)နံနက် ၇ နာရီခန့်ကတွေ့ရှိခဲ့ရကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ သိရသည်။

“သက်ကြီးပိုင်းအမျိုးသားတစ်ဦးပါ အိမ်ခြေမဲ့ပေါ့ နာမည်တို့အသက်တို့လည်းမသိဘူး စုံစမ်းကြည့်တော့လည်း ဘယ်သူမှမသိကြဘူး ပြင်ပဒဏ်ရာမရှိပါဘူး ဖုန်းသတင်းရလို့သွားသယ်ပေးခဲ့ပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းအား တာဝန်ရှိသူများ၏စစ်ဆေးမှုပြီးနောက် တိုင်းနေနာရေးကူညီမှုအ သင်းမှသယ်ယူကာ တိုင်းနေသုသာန်သို့ပို့ဆောင်၍ မီးသဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တိုင်းနေနာရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here