ပြည်ပသို့အလုပ်သမားများ တရားဝင်စေလွှတ်ရေးအတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၆၇ ခု ရှိ

0
536

မြန်မာနိုင်ငံသားများ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရာ၌ တရားဝင်စေလွှတ်နိုင်ရေးနှင့်ပတ် သက်၍ စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ပြုလုပ်သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်လည်းတက်​ရောက်ခဲ့သည်။

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများမှ မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမည်ဟု မှာကြားသည်။

ပြည်ပသို့အလုပ်သမားများ တရားဝင်စေလွှတ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် ၂၀၂၃ ခုနှစ်၊ဩဂုတ်လအထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၇၇ ခု၊ ယာယီပိတ်သိမ်း ထားသည့် အေဂျင်စီ ၁၀ ခုရှိ၍ လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၄၆၇ ခုရှိသည်ဟုဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့မြန်မာအလုပ်သမားများအား စေလွှတ်နိုင်ရန် (ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၅၈ ခုရှိပြီး ယာယီပိတ်သိမ်းသည့် အေဂျင်စီ ၈ ခုရှိ၍ လက်ရှိဆောင်ရွက်နေသည့် (ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၅၀ ရှိသည်ဟု ပြောသည်။

အေဂျင်စီနှင့်အလုပ်သမားတို့ကြားချုပ်ဆိုမည့် စံစာချုပ်ကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ရန် အကြောင်းကြားထားပြီးဖြစ်ရာ စာချုပ်အရ မိသားစုလွှဲပို့ငွေများမှ လစဉ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဟု ပြောသည်။

ထိုသို့ တရားဝင်လမ်းကြောင်းမှ လွှဲပို့သည့်အတွက် မိခင်နိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး ၎င်းအလုပ်သမားများ၏ မိသားစုလူမှုစီးပွားကောင်းမွန်တိုးတက်လာမည်ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here