ယမန်နေ့ထက် ၅၅ ကျပ်မြင့်တက်လာသည့် စက်သုံးဆီစျေး ယနေ့တွင် 92 Ron တစ်လီတာလျင် ၂၄၄၀ ကျပ်ဖြင့်ရောင်းချ

0
195

ရန်ကုန်တိုင်း၌ စက်တင်ဘာ ၁၇ ရက်(ယနေ့)တွင် 92 Ron တစ်လီတာလျင် ၂၄၄၀ ကျပ်ဖြင့်ရောင်းချလျက်ရှိ၍ စက်တင်ဘာ ၁၆ ရက် (ယမန်နေ့) ထက် ၅၅ ကျပ်မြင့်တက်သွားခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၂၃၈၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ယနေ့တွင် စက်သုံးဆီလက်လီစျေးနှုန်းများမှာ 92 Ron တစ်လီတာလျင် ၂၄၄၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၅၆၅ ကျပ်၊ HSD(500 ppm)တစ်လီတာလျင် ၂၆၅၀ ကျပ်၊ HSD(50 ppm),HSD(10 ppm)တစ်လီတာလျင် ၂၇၂၅ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရည်ညွှန်းလက်ကားစျေးနှုန်းများအနေဖြင့် ရန်ကုန်တိုင်းတွင် 92 Ron ၂၃၂၂ ကျပ်၊ 95 Ron ၂၄၄၆ ကျပ်၊ HSD(500 ppm) ၂၅၂၈ ကျပ်၊ HSD(50 ppm),HSD(10 ppm) ၂၆၀၂ ကျပ်တို့ဖြစ်သည်။

ရန်ကုန်တိုင်းနည်းတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်၊ ထားဝယ်၊မြစ်ကြီးနား၊စစ်တွေ၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်တို့၌ 92 Ron တစ်လီတာလျင် ၂၅၀၀ ကျပ်ကျော်ဖြင့် ရောင်းချလျက်ရှိသည်။

ထို့ပြင် ဟားခါးတွင် 92 Ron တစ်လီတာလျင် ၂၇၅၅ ကျပ်၊ကျိုင်းတုံတွင် 92 Ron တစ်လီတာလျင် ၃၃၁၅ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here