ချမ်းအေးသာစံမြို့နယ်ရှိ မြဝတီဘဏ်ရှေ့တွင် လက်ပစ်ဗုံးပေါက်ကွဲ

0
289

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်ရှိ မြဝတီဘဏ်ရှေ့လမ်းဘေးတွင် စက်တင်ဘာ ၁၆ ရက်ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၆) နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့်အမျိုးသား (၂) ဦးမှ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊(၈၁) လမ်း၊(၂၆)လမ်းနှင့် (၂၇)လမ်းကြား ရှိ မြဝတီဘဏ်အား လက်ပစ်ဗုံး (၁) လုံးဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်ပစ်ဗုံးသည် မြဝတီဘဏ်ရှေ့ လူသွားပလက်ဖောင်းအနီးရှိ လျှပ်စစ်ဓာတ်တိုင်အနီး၌ ကျရောက်ပေါက်ကွဲခဲ့ရာ လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here