လောက်ကိုင်မြို့နယ်တွင် အသက်(၆၀)နှစ်အရွယ်အမျိုးသား၏ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းမိ

0
271

လောက်ကိုင်မြို့နယ်၊ မူကာကျိုင်းကျေးရွာတွင် အသက် (၆၀) နှစ်အရွယ်ရှိ အမျိုးသားနေထိုင်သည့် နေအိမ်အတွင်းမှ ငွေကျပ် (၂၀၄၃) သိန်းတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား စက်တင်ဘာ (၁၆) ရက် မွန်းတည့်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယမန်နေ့ မွန်းတည့် (၁၂) နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ မူကွာကျိုင်းကျေးရွာနေ လီချုံးဟော် (၆၀)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန်(၅ ဒသမ ၆၂ ကီလို)နှင့် စိတ်ကြွဆေးပြား ၂၄၀၀၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ မှသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား လောက်ကိုင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here