ဘရာဇီးတွင် လေယာဉ်ပျက်ကျသဖြင့် လူ ၁၄ ဦးသေဆုံး

0
211

ဘရာဇီးနိုင်ငံတွင် စနေနေ့က ရာသီဥတုဆိုးရွားနေချိန် လေယာဉ်တစ်စင်း ပျက်ကျသဖြင့် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အင်ဂျင်တစ်လုံးတပ် အသေးစား လေယာဉ်တစ်စင်းသည် ၎င်း၏ ကီလိုမီတာ ၄၀၀ (၂၄၈ မိုင်) ခရီးစဉ် ပြီးဆုံးခါနီးတွင် Amazonas ပြည်နယ်၏ မြို့တော် Manaus အနီး၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျမှုတွင် ခရီးသည် ၁၂ ဦးနှင့် လေယာဉ်အမှုထမ်းနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Amazonas ပြည်နယ်လုံခြုံရေးအတွင်းဝန် Vinicius Almeida က ကနဦးအချက်အလက်များအရ လေယာဉ်သည် မိုးသည်းထန်စွာရွာသွန်းပြီး Barcelos အတွင်းသို့ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here