အိမ်စီးကားမှ ဆိုင်ကယ်အား ဝင်တိုက်မိပြီး လမ်းဘေးထိုးကျ၊ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရခဲ့မှု ပြည်မြို့တွင်ဖြစ်ပွား

0
275

ပဲခူးတိုင်း၊ ပြည်မြို့၊ ပြည်-ပေါက်ခေါင်းသွား ကားလမ်းတွင် ယနေ့ စက်တင်ဘာ (၁၇) ရက် မွန်းလွဲ (၂) နာရီ (၄၅) မိနစ်ခန့်က အိမ်စီးကားမှ ဆိုင်ကယ်အား ဝင်တိုက်မိပြီးနောက် လမ်းဘေးသို့ ထိုးကျသွားသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူ ညီပံ့ပိုးမှုအသင်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူမှ ထိခိုက်ဒဏ်ရာများ ရှိခဲ့ကြောင်း ယင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဆိုင်ကယ်ကို ဝင်တိုက်မိပြီးနောက် အိမ်စီးကားကမြောင်းထဲကိုထိုးကျသွားတာ၊ ဆိုင်ကယ်မောင်းတဲ့ လူကတော့ တိုက်မိတဲ့အရှိန်နဲ့ ဒဏ်ရာတွေရသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူအား ခေတ္တရာလူငယ်များ သာရေးနာရေးကူ ညီပံ့ပိုးမှုအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ပရဟိတပါရ မီအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here