လစ်ဗျားရေကြီးမှုမှ အသက်ရှင်ကျန်သူများအတွက် အထောက်အကူပစ္စည်းများရောက်လာပြီဖြစ်

0
343

ဒါနာ၊စက်တင်ဘာ ၁၇

လစ်ဗျားနိုင်ငံ၏ကမ်းရိုးတန်းမြို့ဒါနာအား ဖျက်ဆီးခဲ့သော မုန်တိုင်းဒယ်နီယယ်ကြောင့် ဆည်နှစ်ခုကျိုးကျကာ လူသောင်းချီသေဆုံးခဲ့ပြီး လေးသောင်းနီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

သို့သော်ယခုအခါ အခြေအနေများတည်ငြိမ်စပြုနေပြီဖြစ်ကာ အသက်ရှင်ကျန်သူများအတွက် အထောက်အကူပြုပစ္စည်းများရောက်ရှိလာပြီဖြစ်ကြောင်းသိရှိရသည်။

နိုင်ငံတကာအနေဖြင့် ရေဘေးဒဏ်အားဆိုးရွားစွာခံခဲ့ရသည့်လစ်ဗျားအတွက် အထောက်အကူပြုပစ္စည်းများကို ကူညီပေးခဲ့သဖြင့် ယခုအခါ မြောက်အာဖရိက နိုင်ငံတစ်ခုဖြစ်သည့်လစ်ဗျားသို့ အကူညီများစတင်ရောက်ရှိလာနေပြီဖြစ်သည်ဟုလည်းသိရသည်။

အဆိုးရွားဆုံးထိခိုက်ခဲ့သည့်ဒေသများသို့ရောက်ရှိရန်ခက်ခဲမှုကြောင့် လက်တွေ့တွင်ကိန်းဂဏန်းပမာဏပိုမိုများပြားနိုင်သော်လည်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအဖွဲ့အစည်း၏ပြောကြားချက်အရ ယခုသဘာဝဘေးကြောင့် လစ်ဗျားအရှေ့မြောက်ပိုင်းတွင် လူပေါင်း ၄၀,၀၀၀ အထိအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်းသိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအကူအညီများအနေဖြင့် ကုလသမဂ္ဂ၊ဥရောပနှင့်အရှေ့အလယ်ပိုင်းဒေသများမှအထောက်အကူပစ္စည်းများရောက်ရှိနေပြီဖြစ်ကာ အဆိုပါအကူအညီပစ္စည်းများတွင် ရေ၊အစားအစာ၊ ယာယီရွက်ဖျင်တဲများ၊ စောင်များ၊တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းများ၊ဆေးဝါးများနှင့်အရေးပေါ်ခွဲစိတ်ကုသရေးပစ္စည်းများအပါအဝင် အပျက်အစီးများကိုဖယ်ရှားနိုင်ရန်အသုံးပြုမည့် စက်ယန္တရားများပါ ပါဝင်သည်ဟုသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here