မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းကုန်းမြို့ရှိ တလုတ်ကုန်းကျောင်း ယာယီစာသင်ဆောင် ပြို

0
205

ယနေ့ စက်တင်ဘာ (၁၇) ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် စာသင်ကျောင်းတစ်ခုမှ ယာယီစာသင်ဆောင်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၈) နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းကုန်းမြို့ ၊ အမှတ်(၃) ရပ်ကွက်၊ အ.လ.က (ခွဲ)၊တလုတ်ကုန်းကျောင်းဝန်းအတွင်းရှိ ယာယီစာသင်ဆောင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီကျောင်းဆောင် ပြိုကျမှုသတင်းအရ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ယာယီကျောင်းဆောင် ပြိုကျမှုတွင် လူထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here