လှည်းကူးမြို့တွင် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်းရေဝင်ရောက်နေ

0
275

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းရေတိုးလာ၍ အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း လှည်းကူးမြို့နေသူများထံမှ သိရသည်။

လှည်းကူးမြို့တွင် စက်တင်ဘာ ၁၇ ရက်ညနေပိုင်းမှစတင်ကာ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အောင်မင်္ဂလာရပ်ကွက်(သီတာအေးတိုးချဲ့)၊သာသနာ့ရိပ်သာရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရန်ကင်းအောင်သပြေအပိုင်းတို့ရှိ နေအိမ်များအတွင်းနှင့်လမ်းများပေါ်သို့ ရေကျော်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“အဓိကရေဝင်တာက ငမိုးရိပ်ချောင်းရေတိုးလာတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်တွေထဲက အိမ်တွေထဲနဲ့လမ်းတွေပေါ်မှာရေဝင်တာပါ ရေဝင်နေတဲ့အိမ်တွေထဲမှာနေတဲ့လူတွေကို အခု ယာယီရေဘေးကယ်ဆယ်ရေးစခန်းကိုပို့ထားတယ်”ဟု လှည်းကူးမြို့နေသူတစ်ဦးကပြောသည်။

နေအိမ်များအတွင်း ရေဝင်ရောက်နေသဖြင့် ယင်းနေအိမ်များ၌နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-Ko Min Aung


LEAVE A REPLY

Please enter your comment!
Please enter your name here