လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမကြီး၊ ခိုလောင်းမီးပွိုင့်တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ ကျား (၁) ဦး ခြေထောက်ကျိုး ဒဏ်ရာရ

0
259

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမကြီး၊ ခိုလောင်းမီးပွိုင့်တွင် ယာဉ်တိုက်မှု ဖြစ်ပွားသောကြောင့် အမျိုးသား (၁) ဦး ခြေထောက်ကျိုး ဒဏ်ရာရခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှသိရသည်။

လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမကြီး၊ ခိုလောင်းမီးပွိုင့်တွင် ယနေ့စက်တင်ဘာ (၁၈)ရက် နံနက် (၁၀) နာရီ အချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားသောကြောင့် အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရသဖြင့် ကူညီပေးရန် တာဝန်သိပြည်သူ တစ်ဦးမှ ဆက်သွယ်အကြောင်းကြားချက်အရ အသင်းမှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

“ယာဉ်တိုက်မှု ဖြစ်တယ်လို့ပဲ သိရတာ။ ဘာနဲ့ ဘယ်လို တိုက်မိတယ်ဆိုတာ မသိရဘူးဗျ။ လူနာပဲတွေ့တယ်။ ယာဉ်ထိန်းရဲလည်းရောက်နေပြီ။ အဖိုးက ခြေထောက်ကျိုးနေလို့ ဂရုစိုက်လိုက်ရတယ်”ဟု လားရှိုး လူငယ်များ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာမှ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၁)ဦးအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာန၊ အရိုးကုသဆောင်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here