ငြိမ်းချမ်း​ရေးစကား ငြိမ်းချမ်း​ရေးတရား

0
259

စက်တင်ဘာလ ၁၄ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်၌ အိန္ဒိယမှ ငြိမ်းချမ်း​ရေးအကျိုး​ဆောင် ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာ ၏တိုက်ရိုက်ထုတ်လွင့်မှုတွင်​ပြောခဲ့​သော အဓိကအချက်များအား​ကောက်နုတ်​ဖော်ပြလိုက်ပါသည်။

🔹 စည်းလုံးသည့်အခါ၊တဦးနှင့်တဦးဆက်စပ်ပတ်သက်သည်ဟုခံစားသည့်အခါတွင် သေးငယ်သော သိမ်ငယ်မှုများသည် ကြီးမားသော ပဋိပက္ခများအဖြစ်သို့ မရောက်ပါ။

🔹 ကျွန်ုပ်တို့သည် အတွင်းစိတ်ငြိမ်းချမ်းမှု ☮️ ဆော့ဖ်ဝဲလ်အသစ်ကို အပ်ဒိတ်လုပ်ဖို့​မေ့​နေတတ်ကြပါသည်။ ပညာရှိတို့သည် ကျွန်ုပ်တို့အား ဆော့ဖ်ဝဲအပ်ဒိတ်လုပ်ရန် အကြောင်းကြားချက်များ ပေးပို့နေကြသော်လည်း ကျွန်ုပ်တို့ကလျစ်လျူရှုထားကြသည်။

🔹 ဟာသဉာဏ်ကို ​ပျိုး​ထောင်ခြင်းသည် ပဋိပက္ခကို လျော့ပါးစေနိုင်သည်။

🔹 ကျွမ်းကျင်လိမ္မာစွာ ပြောဆိုဆက်ဆံတတ်လျှင် ကျွန်ုပ်တို့ မဖြေရှင်းနိုင်သော ပဋိပက္ခဟူ၍မရှိနိုင်ပါ။ သို့သော် စိတ်ဖိစီးပြီး မိမိ စိတ်ကိုမိမိ မထိန်းနိုင်လျှင် မိမိတတ်မြောက်ထားသော ဗဟုသုတ ၊ ကျွမ်းကျင်မှုများကိုပင်အသူံးချဖို့မေ့လျာ့သွားနိုင်ပါသည်။ထိုအခါ ပြောစရာစကားမရှိ သောအဖြစ်မျိုးနှင့်ကြုံရနိုင်ပါသည်။

🔹 ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အတူ ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်ရန် လိုအပ်ပါသည်။

🔹 ငြိမ်းချမ်းရေးသည် ချမ်းသာခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။

🔹 ငြိမ်းချမ်းရေးသည် ပဋိပက္ခ ကာလအတွင်း ၌သာ အရေးတကြီးကိုင်တွယ် ဖြေရှင်းရမည့်အရာဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အကြီးမြတ်ဆုံး​သောကျမ်းစာဖြစ်သည့် ဘဂဝါဂီတကို စစ်မြေပြင်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

🔹 ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအလွန်လိုအပ်သော ​ခေတ်တွင် နေထိုင်​နေခြင်းဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here