မွန်ပြည်နယ်တွင် အထက်တန်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက် ဘုရား (၃၆၂) ဆူ ထပ်မံ တူးဖော်တွေ့ရှိ

0
227

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ် (၄) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာမှ စက်တင်ဘာ (၁၅) ရက်က ရှေးဟောင်း အုတ်ခွက်ဘုရားများ ထပ်မံတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကျောင်းဝန်းအတွင်း မြေတူးရာ စက်တင်ဘာ (၁၅) ရက်က မုဒြာပုံစံ အမျိုးမျိုးဖြင့် ရုပ်လုံးပေါ် ရှေးဟောင်း အုတ်ခွက်ဘုရား (၁၃၈) ဆူနှင့် အကျိုးအပဲ့ ရှေးဟောင်းအုတ်ခွက်ဘုရား (၂၂၄) ဆူ စုစုပေါင်း (၃၆၂) ဆူ တွေ့ရှိခဲ့ပြီး သြဂုတ် (၃၀) ရက်ကလည်း ရှေးဟောင်းအုတ်ခွက်ဘုရား (၁၉) ဆူ တွေ့ရှိခဲ့ထားကြောင်း သိရသည်။

ကျောင်းဝန်းအတွင်းမှ သြဂုတ် (၃၀) ရက်က ပထမအကြိမ် တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရား (၁၉) ဆူကို မွန်ပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံ့ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၁၅)ရက်က ထပ်မံတူးဖော်ရရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများက လုပ်ဆောင်နေပြီး လက်ရှိ တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ဘုရားများကို ကျောင်းဝန်းအတွင်း၌ ထားရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here